ဆောင်းရာသီမုန်တိုင်းသည် အမေရိကန်နေရာများစွာသို့ ဝင်ရောက်တိုက်ခတ်ခဲ့ရာ လူ ၆၃ ဦး ထက်မနည်း သေဆုံး

(GMT+08:00)2022-12-28 14:08:06  

အမေရိကန် ပြည်နယ်များစွာတို့တွင် ဒီဇင်ဘာလ ၂၂ ရက်နေ့မှစ၍ ပြင်းထန်သော ဆောင်းရာသီမုန်တိုင်းတိုက်ခတ်မှုခံခဲ့ရသည်။ အပူချိန်နိမ့်ကျမှု၊ လေပြင်းတိုက်ခတ်မှုနှင့် ဆီးနှင်း တိုက်ခတ်မှုများသည် အမေရိကန် မြောက်ပိုင်းမှ တောင်ပိုင်းသို့ ရက်ပေါင်းများစွာ ဖြစ်ပွားခဲ့သဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်၍ လျှပ်စစ်ဓာတ်အားလည်း ပြတ်တောက်ခဲ့သည်။ ဘေးအန္တရာယ် ပြင်းထန်စွာ ခံနေရသော နယူးယောက် ပြည်နယ်သည် ပြည်ထောင်စုအရေးပေါ်အခြေအနေသို့ ကျရောက်ကြောင်း အမေရိကန် သမ္မတ ဘိုင်ဒင်က ကြေညာခဲ့သည်။

ပြင်းထန်သော ဆောင်းရာသီ မုန်တိုင်းကြောင့် အမေရိကန်တွင် လူ ၆၃ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း သတင်းအရသိရသည်။