ကန်နှင့် အခြား အနောက်နိုင်ငံများသည် ရုရှားအား ပေါင်းစပ် စစ်ပွဲ ဆင်နွှဲနေဟု ရုရှားနိုင်ငံခြားရေးဝန်ကြီးဆို

(GMT+08:00)2022-12-28 14:10:30  

        အမေရိကန်နှင့် အခြားသော အနောက်နိုင်ငံများသည် ယူကရိန်းနိုင်ငံသို့ လက်နက်များ ဆက်တိုက်ပေးပို့ခဲ့ပြီး ၄င်းတို့သည် ရုရှား-ယူကရိန်း စစ်ပွဲတွင် ပါဝင်လာခဲ့ပြီ ဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီး လာဗ်ရို့ဗ်က မကြာခင်ရက်များက အင်တာဗျူးတွင် ပြောကြားခဲ့သည်ဟု တာ့စ်သတင်းဌာန၏ ၂၇ ရက်နေ့ သတင်းအရ သိရပါသည်။

        အနောက်နိုင်ငံများ၏ ရုရှားနိုင်ငံကို ဘက်စုံဟန့်တားရန် မူဝါဒသည် အလွန် အန္တရာယ်ရှိပြီး နျူကလီးယားလက်နက်ပိုင် အင်အာကြီးနိုင်ငံများအကြား တိုက်ရိုက် ပဋိပက္ခများ ဖြစ်ပေါ်စေနိုင်ဖွယ်ရာရှိကြောင်း လာဗ်ရို့ဗ်က ပြောကြားခဲ့သည်။