ယူကရိန်းအား ဂျာမဏီထုတ် တင့်ကား ထောက်ပံ့ပေးခြင်းကို ဂျာမဏီနိုင်ငံသား ထက်ဝက်နီးပါး ကန့်ကွက်ဟု စစ်တမ်းဖော်ပြ

(GMT+08:00)2022-12-27 13:26:51  

  ဗြိတိန်နိုင်ငံမှ စုံစမ်းစစ်ဆေးရေးကုမ္ပဏီတစ်ခုသည် မကြာခင်ရက်များက ထုတ်ပြန်သော စစ်တမ်းတစ်ရပ်အရ ယူကရိန်းနိုင်ငံအား ဂျာမဏီနိုင်ငံ ထုတ်လုပ်သော Leopard 2 ပင်မ တိုက်ပွဲဝင် တင့်ကားများ ထောက်ပံ့ပေးခြင်းကို ဂျာမဏီ နိုင်ငံသား ထက်ဝက်နီးပါး ကန့်ကွက်ကြောင်း သိရပါသည်။

        ယင်း စစ်တမ်းအရ ယူကရိန်းအား ဂျာမဏီထုတ် တင့်ကား ထောက်ပံ့ပေးခြင်းကို စစ်တမ်း ဖြေဆိုသူ ၄၅ ရာခိုင်းနှုန်းက ကန့်ကွက်ပြီး ၃၃ ရာခိုင်နှုန်း ထောက်ခံကာ ၂၂ ရာခိုင်နှုန်းသည်  ကြားနေခဲ့ကြောင်း သတင်းအရ သိရပါသည်။