မွေးမြူရေးစရိတ်များ မြင့်တက်လာမှုကြောင့် ဂျာမနီနိုင်ငံရှိ ဝက်မွေးမြူရေးခြံ ၁၉၀၀ ခန့်ကို ပိတ်ထား

(GMT+08:00)2022-12-27 13:30:30  

ဂျာမနီစာရင်းအင်းဌာနမှ ထုတ်ပြန်သော နောက်ဆုံးစာရင်းအရ စွမ်းအင်၊ ဓာတ်မြေသြဇာနှင့် ကျွေးမွေးစရိတ်များ သိသိသာသာ မြင့်တက်လာခြင်းကြောင့်  ဂျာမနီရှိ ဝက်အရေအတွက်နှင့် ဝက်မွေးမြူရေးခြံအရေအတွက် သိသိသာသာ ကျဆင်းသွားကြောင်း ၊ ၂၀၂၀ နှင့် ၂၀၂၁ ခုနှစ်ကြားတွင် ၁၆၀၀ ခန့် လျော့ကျသွားပြီးနောက် ဂျာမနီရှိ ဝက်မွေးမြူရေးခြံ ၁၉၀၀ ခန့်သည် ယခုနှစ်တွင် ပိတ်ပစ်လိုက်ကြောင်း သိရပါသည်။