စစ်တပ်နှင့် ရဲတပ်အား တိုက်ပွဲဝင်ရန် အဆင့်အမြင့်ဆုံး ပြင်ဆင်ဖို့ ဆာဗီးယားသမ္မတ အမိန့်ချ

(GMT+08:00)2022-12-27 13:27:39  

        ဆာဗီးယားစစ်တပ်နှင့် ရဲတပ်တို့သည် တိုက်ပွဲဝင်ရန် အဆင့်အမြင့်ဆုံး ပြင်ဆင်ဖို့  ဆာဗီးယားသမ္မတ Aleksandar Vučić က ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၆ ရက်နေ့ ညက အမိန်ချခဲ့သည်။

        ထိုနေ့တွင် ကိုဆိုဗိုအာဏာပိုင်အဖွဲ့သည် ဆာဗီးယား သြသိုဒေါ့ဇ်ခရစ်ယာန်ဂိုဏ်း ဂိုဏ်းအုပ်အား ကိုဆိုဗိုသို့ ဝင်ခွင့်မပြုရန် ကြေညာပြီး ကိုဆိုဗိုမြောက်ပိုင်းဒေသ ဆာဗီးယားလူမျိုး စုစည်း နေထိုင်ရာ ဒေသသို့ ဝင်ရောက်ဖို့စစ်ပွဲဝင် ပြင်ဆင်ရေး အခြေအနေ မြှင့်တင်ရန် အမိန့်ချခဲ့ကြောင်း ဆာဗီးယားမီဒီယာမှ သတင်းအရ သိရပါသည်။