ရွှေ့ပြောင်းအခြေချသူများသည် အမေရိကန်-မက္ကဆီကိုနယ်စပ်ဒေသတွင် ဆက်လက် ဝင်ရောက်

(GMT+08:00)2022-12-27 13:33:29  

ဒေသစံတော်ချိန် ယခုလ ၂၆ ရက်နေ့က နယ်ခြားစောင့် ဝန်ထမ်းတစ်ဦးသည်  အမေရိကန်နိုင်ငံ Arizona ပြည်နယ် Somerton အနီးရှိ အမေရိကန်-မက္ကဆီကို နယ်စပ်ခြံစည်းရိုးတွင် ခိုလှုံခွင့် တောင်းသူများကို စီမံဆောင်ရွက်လျက်ရှိသည်။ ပိုပြီး များလာနေတဲ့ ခိုလှုံခွင့်တောင်းသူများသည် အမေရိကန်-မက္ကဆီကို နယ်စပ်တွင် လက်တွေကိုမြှောက်ကာ ခိုလှုံခွင့် တောင်းဆိုနေကြတဲ့အကြောင်းရင်းကတော့ ကပ်ရောဂါ ကာလအတွင်း အမေရိကန်သို့ ရွှေ့ပြောင်းအခြေချသူများ ဝင်ခွင့်မပြုရတဲ့ ပုဒ်မ ၄၂ ကို ဖျက်သိမ်းသွားမှာ ဖြစ်မို့ အခုလိုမျိုး ခိုလှုံခွင့်တွေ တောင်းဆိုနေကြတာ ဖြစ်သည်ဟု သတင်းအရသိရသည်။