အမေရိကန်သည် ရုရှား-ယူကရိန်း ပဋိပက္ခကနေ မသမာ အကျိုးအမြတ်များ ရရှိပြီး အာဖရိကနိုင်ငံများအား ဘေးဒုက္ခများ ဖြစ်စေသည်ဟု တောင်အာဖရိက ပညာရှင် ဆို

(GMT+08:00)2022-12-27 13:28:43  

တောင်အာဖရိကနိုင်ငံ ကိပ်တောင်း တက္ကသိုလ် အာဖရိကရေးရာ သုတေသနစင်တာ ဥက္ကဋ္ဌ ဟော်မန် ချီထွန်ဂါက China Media Groupမှ အင်တာဗျူးကို ဖြေကြားရာတွင် အမေရိကန်သည် ရုရှား-ယူကရိန်း ပဋိပက္ခကနေ ရရှိသည့် မသမာ အကျိုးအမြတ်များဟာ အာဖရိကနိုင်ငံများအား ဘေးဒုက္ခတွေ  ဖြစ်စေသည်ဟု ပြောကြားခဲ့သည်။

ဟော်မန် ချီထွန်ဂါက အမေရိကန် ဦးဆောင်သော အနောက်နိုင်ငံများသည် ရုရှား အပေါ် အရေးယူ ပိတ်ဆို့မှုများကို ပြုလုပ်ခဲ့သဖြင့် အာဖရိက နိုင်ငံအသီးသီးတွင် လောင်စာဆီနှင့် အစားအစာ ဈေးနှုန်းများ ထိုးတက်လာစေခဲ့ကြောင်း၊ အာဖရိကတွင် GDP အမြင့်ဆုံး ဖြစ်သည့် တောင်အာဖရိကနိုင်ငံသည်ပင်  လောင်စာဆီ ဝယ်ဖို့ ပိုက်ဆံ မရှိသောကြောင့် ၂၀၂၂ ခုနှစ်တွင် မီးပြတ်သည့်ရက်ပေါင်း ၁၆၂ ရက်ကျော် ရှိခဲ့ကြောင်း၊ ရုရှား-ယူကရိန်း ပဋိပက္ခသည် အာဖရိကတိုက်၏ စားနပ်ရိက္ခာ ဈေးနှုန်းနှင့် ဖြန့်ဖြူးမှု အပေါ် ထိခိုက်မှု များစွာ ဖြစ်စေပြီး အမေရိကန် စားနပ်ရိက္ခာ ကုန်သည်များကတော့ အဲဒီကနေ အကျိုးအမြတ် အမြောက်အမြား ရရှိနိုင်ခဲ့ကြောင်း၊ တစ်ချိန်တည်းတွင် အမေရိကန်သည် အမေရိကန် ဒေါ်လာ၏ ဗိုလ်ကျစိုးမိုးမှုကို အလွဲသုံးစားပြုပြီး ဒေါ်လာငွေစက္ကူများကို အရူးအမူး ရိုက်နှိပ်ခြင်းနှင့် အတိုးနှုန်းကို တာဝန်မဲ့ တိုးမြှင့်ခြင်းဖြင့် နိုင်ငံတကာ စီးပွားရေးမှ သွေးစုတ် ခေါင်းပုံဖြတ်ခဲ့ကြောင်း ပြောကြားပါသည်။