ဂျပန်သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ပန်ဒါဝက်ဝံ "Xiang Xiang" ကို တရုတ်နိုင်ငံသို့ ပြန်လည်ပေးအပ်မည်

(GMT+08:00)2022-12-27 13:32:43  

   ပန်ဒါဝက်ဝံ "Xiang Xiang" ကို လာမည့်နှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် တရုတ်နိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ဒေသစံတော်ချိန် ယခုလ ၂၆ ရက်နေ့က တိုကျိုအစိုးရမှ ကြေညာခဲ့သည်။ "Xiang Xiang"ကို ၂၀၁၇ခုနှစ် ဇွန်လက Ueno တိရစ္ဆာန်ရုံတွင် မွေးဖွားခဲ့သည်။ ၄င်း၏ မိဘများကို တရုတ်နိုင်ငံမှ ဂျပန်နိုင်ငံသို့ ချေးငှား ထားသောကြောင့် ကလေးများကိုလည်း တရုတ်နိုင်ငံမှ ပိုင်ဆိုင်ခွင့်ရှိသည်ဟု သတင်းအရ သိရသည်။