ထိုင်းSukhothaiစစ်သင်္ဘောနစ်မြုပ်ခြင်းကြောင့် သေဆုံးသူ ၁၈ ဦးရှိလာ

(GMT+08:00)2022-12-26 14:05:41  

ထိုင်းဘုရင့်ရေတပ်မှဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၅ ရက်နေ့ကထုတ်ပြန်သောသတင်းအရSukhothaiစစ်သင်္ဘောနစ်မြုပ်ခဲ့ခြင်းကြောင့် သေဆုံးသူ ၁၈ ဦးရှိကြောင်း၊ ၄င်းတို့အနက် ၈ ဦးသည် မည်သူဖြစ်သည်ကိုအတည်ပြုရန်လိုအပ်ကြောင်း၊ လက်ရှိအချိန်အထိ ၁၁ ဦးပျောက်ဆုံးနေပြီးကယ်ဆယ်ရေးလုပ်ငန်းများကိုဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။

ဒေသစံတော်ချိန် ၁၈ ရက်နေ့ ညဉ့်နက်ပိုင်းကSukhothaiစစ်သင်္ဘောသည် ထိုင်းနိုင်ငံPrachuapပြည်နယ် အနီးတဝိုက်ပင်လယ်ရပ်ဝန်းတွင် နစ်မြုပ်ခဲ့ကြောင်း၊ ထိုအချိန်တွင် သင်္ဘောပေါ်၌ တပ်မှူးတပ်သား ၁၀၅ ဦးရှိပြီးလက်ရှိအချိန်အထိ၇၆ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီဖြစ်ကြောင်းသတင်းအရသိရပါသည်။