ကမ္ဘာ့ ပထမဆုံး C919 အမျိုးအစား လေယာဉ် နာရီ ၁၀၀ကြာ စမ်းသပ်ပျံသန်းမည်

(GMT+08:00)2022-12-26 14:06:37  

    ကမ္ဘာ့ ပထမဆုံး  C919 အမျိုးအစား လေယာဉ်ကို ဒီဇင်ဘာလ ၉ရက်နေ့က China Eastern Airlines သို့ လွှဲပြောင်းပေးအပ်ပြီးနောက် ဒီဇင်ဘာလ ၂၆ရက်နေ့တွင် နာရီ၁၀၀ ကြာ စမ်းသပ်ပျံသန်းမည် ဖြစ်ပြီး လေယာဉ်၏ ပျံသန်းမှုလုံခြုံရေး၊ မွမ်းမံ ထိန်းသိမ်းရေး ဆိုင်ရာ ခိုင်လုံရေး၊ ပျံသန်းမှုအာမခံပေးစွမ်းရည် စသည်တို့ကို စမ်းသပ်အတည်ပြုမည် ဖြစ်ပါသည်။ ပထမဆုံး  C919 အမျိုးအစား လေယာဉ်ကို လာမည့် ၂၀၂၃ခုနှစ် နွေဦးရာသီတွင် တရုတ်မြို့ပြလေကြောင်းဦးစီးဌာန၏ သတ်မှတ်ချက်စံနှုန်းများနှင့် ကိုက်ညီပြီး စီးပွားဖြစ် ခရီးသည်တင် လည်ပတ်နိုင်မည် ဖြစ်ပါသည်။