အမေရိကန် ဆောင်းရာသီ မုန်တိုင်းကြောင့် သေဆုံးသူ ဦးရေ ၃၀ အထိ တိုးလာ

(GMT+08:00)2022-12-26 14:09:32  

အမေရိကန် မီဒီယာမှ ဒီဇင်ဘာလ ၂၅ ရက်နေ့ကသတင်းအရ အမေရိကန်တစ်နိုင်ငံလုံးကို တိုက်ခတ်သော ဆောင်းရာသီ မုန်တိုင်း ကြောင့် လူ အနည်းဆုံး ၃၀ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။ အချို့နေရာများက နှင်းများသည် အရပ်သူ အရပ်သားအချို့ကို နေအိမ်ထဲတွင် ပိတ်မိနေသဖြင့် သေဆုံးသူဦးရေ တိုးလာနိုင်မည်ဟု ကယ်ဆယ်ရေးဌာနက ပြောကြားခဲ့သည်။

ဆောင်းရာသီမုန်တိုင်း၏ အတိုင်းအတာသည် မကြုံစဖူးနီးပါးဖြစ်ပြီး အမေရိကန်လူဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်ကို ထိခိုက်ခဲ့သည်ဟုအေပီသတင်းဌာနက ဖေါ်ပြသည်။