အမေရိကန်က မှားယွင်းပြီး အန္တရာယ်ရှိတဲ့ လမ်းမှာ ဆက်မလျှောက်ပါနဲ့

(GMT+08:00)2022-12-26 10:15:54  

 ပီကင်းစံတော်ချိန် ဒီဇင်ဘာလ ၂၄ ရက်နေ့မှာ အမေရိကန် သမ္မတ ဘိုင်ဒန်က ၂၀၂၃ ဘဏ္ဍာရေးနှစ် ကာကွယ်ရေး အာဏာအပ်နှင်းရေး ဥပဒေကြမ်း NDAA ကို ဥပဒေ အဖြစ် လက်မှတ်ရေးထိုး ခဲ့တယ်။ ဒီဥပဒေကြမ်းထဲမှာ တရုတ်နိုင်ငံကို နာမည်ဖျက် ထိုးနှက်တဲ့ အကြောင်းအရာ အများအပြား ပါဝင်ပြီး “ထိုင်ဝမ် သီးခြားတည်ရှိရေး” သွေးခွဲရေး အင်အားစုကိုလည်း မှားယွင်းတဲ့အချက်ကို ပြခဲ့တယ်။

   NDAA ဆိုတာဟာ အမေရိကန် ပြည်ထဲရေး ဥပဒေ ဖြစ်ပြီး ပြည်ထဲရေး ကိစ္စနဲ့ပဲ ဆက်စပ်သင့်တယ်။ ဒါပေမဲ့ အဲဒီဥပဒေဟာ အပြည်ပြည်ဆိုင်ရာ ဥပဒေရဲ့ အထက်တွင် စီးမိုးကာ အဖြစ်မှန်များကို လျစ်လျူရှုပြီး “တရုတ် ခြိမ်းခြောက်မှု” ဆိုတာကို ဝါဒဖြန့်၍ တရုတ် ပြည်တွင်းရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်ခဲ့တယ်။ အထူးသဖြင့် ဥပဒေကြမ်းထဲမှာ ထိုင်ဝမ်ရေးရာနဲ့ ပတ်သက်ပြီး အမေရိကန် အစိုးရက လာမယ့် ငါးနှစ် အတွင်း ထိုင်ဝမ်ကို အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ စစ်ရေး ပံ့ပိုးမှုနဲ့ စစ်ရေး ချေးငွေ ဒေါ်လာ သန်း ၂၀၀၀ ပေးမယ်လို့ ဖေါ်ပြထားတယ်။ အဲဒါဟာ “ထိုင်ဝမ် သီးခြားတည်ရှိရေး” သွေးခွဲရေး အင်အားစုအား “ဓါး ပေးကမ်းခြင်း”နဲ့ “လက်နက် ပေးကမ်းခြင်း” ဆိုသလို ဖြစ်ပြီး ထိုင်ဝမ် ရေလက်ကြား နှစ်ဖက်ကမ်း ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်လာအောင် သွေးထိုးလှုံ့ဆော်တဲ့လုပ်ရပ်ပဲ ဖြစ်တယ်။

   ၁၉၇၂ ခုနှစ်က တရုတ်-အမေရိကန် ရှန်ဟိုင်း ပြန်တမ်းနဲ့ ၁၉၇၈ ခုနှစ်က တရုတ်- အမေရိကန် သံတမန် ဆက်ဆံရေး ထားရှိခြင်း ပြန်တမ်းမှာရော ၁၉၈၂ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့ ပြန်တမ်းမှာပါ၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ အစိုးရဟာ တရုတ်နိုင်ငံရဲ့ တစ်ခုတည်းသော တရားဝင် အစိုးရ ဖြစ်ကြောင်း၊ ကမ္ဘာပေါ်မှာ တရုတ်နိုင်ငံ တစ်နိုင်ငံတည်းသာ ရှိပြီး ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း ဖေါ်ပြထားပါတယ်။

   ထိုင်ဝမ်က တရုတ်နိုင်ငံရဲ့ ထိုင်ဝမ် ဖြစ်ပြီး ထိုင်ဝမ်ရေးရာကို ကိုင်တွယ်ဖြေရှင်းရေးဟာ တရုတ်နိုင်ငံရဲ့ ကိုယ့်အကြောင်းကိစ္စ ဖြစ်ကာ ပြင်ပမှ ဝင်ရောက်စွက်ဖက်မှုကို ခွင့်မပြုတာ ဖြစ်တယ်။ အမေရိကန် အနေနဲ့ မှားယွင်းပြီး အန္တရာယ်ရှိတဲ့ လမ်းမှာ မလျှောက်သင့်ဘဲ တရုတ်ပြည်တစ်ပြည်တည်းသာရှိရေးမူနဲ့ တရုတ်-အမေရိကန် ပူးတွဲပြန်တမ်း သုံးရပ်ပါ မူအတိုင်း လမ်းမှန်ပေါ်သို့ ပြန်လာသင့်တယ်လို့ China Media Group မှ သတင်း ဆောင်းပါး တစ်ပုဒ်မှာ ရေးသား ဖေါ်ပြ ထားပါတယ်။