အိန္ဒိယနိုင်ငံ၏ လူဦးရေသည် လာမည့်နှစ် ဧပြီလလယ်တွင် တရုတ်နိုင်ငံကို ကျော်လွန်နိုင်မည်ဟု ကုလသမဂ္ဂ ခန့်မှန်း

(GMT+08:00)2022-12-26 14:08:37  

အမေရိကန် CNN မှသတင်းအရ အိန္ဒိယနိုင်ငံ၏ လူဦးရေသည် လာမည့်နှစ် ဧပြီလလယ်တွင် တရုတ်နိုင်ငံကို ကျော်လွန်ပြီး ကမ္ဘာပေါ်တွင် လူဦးရေ အများဆုံးနိုင်ငံဖြစ်လာမည်ဟု ကုလသမဂ္ဂက ခန့်မှန်းထားသည်။ သတင်းအရ ၁၉၅၀ ပြည့်နှစ် နောက်ပိုင်း အိန္ဒိယနိုင်ငံ၏လူဦးရေသည် လျင်မြန်စွာ တိုးတက်လာပြီး  တစ်နှစ်လျှင် လူဦးရေ တိုးနှုန်း ၂ ရာခိုင်နှုန်းကို ထိန်းထားနိုင်ခဲ့ကြောင်း သိရပါသည်။