စပိန်ဘတ်စ်ကား တောင်ကမ်းပါး ပေါ်က ကျခဲ့မှုကြောင့် သေဆုံသူ ၄ဦးအထိ တိုးများလာ

(GMT+08:00)2022-12-26 14:07:26  

ဒီဇင်ဘာလ ၂၅ရက်နေ့က စပိန်နိုင်ငံ အရေးပေါ်ကယ်ဆယ်ရေးစင်တာမှ နောက်ဆုံးထုတ်ပြန်သည့် သတင်းအရ ဒီဇင်ဘာလ ၂၄ရက်နေ့က ဖြစ်ပွားခဲ့သည့် ဘတ်စ်ကား တောင်ကမ်းပါးပေါ်ကနေ အရှိန်လွန်ပြီး ကျခဲ့မှုတွင် သေဆုံသူ ဦးရေ ၄ဦးအထိ တိုးလာပြီး ၃ဦး ပျောက်ဆုံးနေပါသည်။

အခင်းဖြစ်ပွားရာနေရာတွင် ကယ်ဆယ်ခံခဲ့ရသည့် ယာဉ်မောင်းသူက ဘတ်စကားထဲတွင် ယာဉ်မောင်းသူနှင့် ခရီးသည် စုစုပေါင်း ၉ဦး ရှိကြောင်း ကယ်ဆယ်ရေးသမားများအား ပြောကြား ခဲ့သည်။ လက်ရှိ အဆိုပါ နေရာတွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ကယ်ဆယ်ရေး လုပ်ငန်း အခက်အခဲများနှင့် ကြုံတွေ့နေရပါသည်။