ရှီကျင့်ဖိန်သည် တရုတ် အရှေ့တိုင်း အဆိုအကအနုပညာ အုပ်စုမှ အနုပညာရှင်များအား စာပြန်

(GMT+08:00)2022-12-26 10:14:46  

 ဒီဇင်ဘာလ ၂၄ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေ အတွင်းရေးမှူး၊ တရုတ်နိုင်ငံ သမ္မတ၊ ဗဟိုစစ်ရေးကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် တရုတ် အရှေ့တိုင်း အဆိုအကအနုပညာ အုပ်စုမှ အနုပညာရှင်များအား စာပြန်ပြီး ၄င်းတို့အား တရုတ်နိုင်ငံကို ဆိုရှယ်လစ် ယဉ်ကျေးမှု အားကောင်းသောနိုင်ငံ အဖြစ် တည်ဆောင်ရန် အတွက် ဆက်လက် အကျိုးပြုစွမ်းဆောင်ရန် အားပေး မှာကြားခဲ့ပါသည်။

   ရှီကျင့်ဖိန်၏ စာထဲတွင် အနုပညာရှင်များ အနေဖြင့် ပြည်သူများကို ဗဟိုအဖြစ်ထားသည့် အနုပညာဆိုင်ရာဦးတည်ချက်ကို စွဲကိုင်ရန်၊ အမှန်တရားအတိုင်း ဆောင်းရွက်ပြီး ဆန်းသစ်မှုများလည်း ပြုလုပ်ရန်၊ အနုပညာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန်၊ ယဉ်ကျေးမှုဆိုင်ရာ ယုံကြည်စိတ် တိုးမြင့်စေရန်၊ ဆိုရှယ်လစ် ယဉ်ကျေးမှု အားကောင်းသောနိုင်ငံ အဖြစ် တည်ဆောက်ရန် ဆက်လက် အကျိုးပြုစွမ်းဆောင်ဖို့ မျှော်လင့်ကြောင်း ရေးသားဖေါ်ပြထားပါသည်။

   မကြာမီက တရုတ် အရှေ့တိုင်း အဆိုအကအနုပညာ အုပ်စုမှ အနုပညာရှင် ၁၀ ဦးသည် ရှီကျင့်ဖိန် ထံသို့ စာတစ်စောင် ရေးပို့ပြီး ခေတ်သစ် ၁၀ နှစ်အတွင်း အနုပညာ လုပ်ငန်းဆိုင်ရာ အောင်မြင်မှုရလဒ်များကို တင်ပြထားသည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။