တရုတ်နိုင်ငံ ရှင်းကျန်းနယ်ရှိ နှင်းဖုံးထားသောမျက်ခင်းတွင် "Girl Chasing"လှုပ်ရှားမှုကျင်းပ

(GMT+08:00)2022-12-25 10:02:11  

မကြာသေးမီက တရုတ်နိုင်ငံ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသ အီလီ ကာဇတ်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသခွဲ ကျောင်းစူးခရိုင်ရှိ လယ်သမားများနှင့် မွေးမြူရေးသမားများသည် "Girl Chasing" လှုပ်ရှားမှုကို ကျင်းပခဲ့သည်။ "Girl Chasing" လှုပ်ရှားမှု သည် ကာဇတ် လူမျိုးတို့၏ရိုးရာမြင်းစီးအားကစားနည်ဖြစ်သည်။ ဆောင်းရာသီအစမှစပြီး ကျောင်းစူးခရိုင်ရှိ လူမျိုးစုပေါင်းစုံမှ လယ်သမားများနှင့် မွေးမြူရေးသမားများသည် ဆောင်းအားလပ်ရက်များတွင် ၎င်းတို့၏ဘဝများကို ကြွယ်ဝစေရန် ရိုးရာယဉ်ကျေးမှုနှင့် အားကစားဆိုင်ရာ လှုပ်ရှားမှုမျိုးစုံကို လုပ်ဆောင်ခဲ့ကြသည်။