ရှင်းကျန်းတွင် ပထမဆုံးသော အလွန်မြင့်သည့် ကုန်းမြင့် လေဆိပ်ကို တရားဝင်ဖွင့်လှစ်

(GMT+08:00)2022-12-25 12:32:23  

ယခုရက်ပိုင်းတွင် တရုတ်နိုင်ငံ၏ အနောက်ဘက်ဆုံးရှိ လေဆိပ်၊ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသတွင် ပထမဆုံးသော အလွန်မြင့်သည့် ကုန်းမြင့် လေဆိပ့် Tashkurgan Khunjerab ကို တရားဝင်ဖွင့်လှစ်ခဲ့ပါသည်။ ဒီလေဆိပ် ဖွင့်လှစ်ပြီးနောက် နှစ်စဉ် ခရီးသည်ဦးရေ ၁သိန်း ၆သောင်း နှင့် ကုန်စည်တန်ချိန် ၄၀၀ ကို ပို့ဆောင်နိုင်မည်ဟု ခန့်မှန်းထားပါသည်။ 

 အမြင့် ၂၄၃၈ မီတာနှင့် အထက်ရှိသော လေဆိပ်သည် အလွန်မြင့်သော ကုန်းမြင့် လေဆိပ် ဖြစ်ကြောင်း တရုတ် မြို့ပြလေကြောင်းက သတ်မှတ်ထားပါသည်။ Taxkorgan Khunjerab လေဆိပ် စတင် လည်ပတ်လိုက်သည်နှင့် ရှင်းကျန်းတွင် လည်ပတ်နေသော လေဆိပ်အရေအတွက်သည် စုစုပေါင်း၂၅ ခု ရှိမည် ဖြစ်ပြီး တရုတ်နိုင်ငံရှိ ပြည်နယ်၊ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသနှင့် ဗဟိုမှ တိုက်ရိုက်အုပ်ချုပ်သော မြို့များထဲတွင် အများဆုံး ဆက်လက် ဖြစ်သွားမည်။