ရှီကျင့်ဖိန်နှင့် လယ်ယာစိုက်ပျိုးရေး

(GMT+08:00)2022-12-25 09:37:08  

၂၀၂၂ ခုနှစ်အတွင်း တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် တရုတ်နိုင်ငံ ဒေသအသီးသီးမှ ကျေးလက်တောရွာများစွာကို သွားရောက်ပြီး စားနပ်ရိက္ခာ ထုတ်လုပ်မှုပမာဏ အခြေအနေ၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လယ်သမားများ၏ ဝင်ငွေ စသည်တို့ကို လေ့လာကြည့်ရှုခဲ့ပါသည်။

ဇွန်လ ၈ ရက်နေ့က ရှီကျင့်ဖိန်သည် တရုတ်ပြည် အနောက်တောင်ပိုင်း စီချွမ်းပြည်နယ် ယုံဖင်းရွာရှိ ဆန်စပါးစိုက်ပျိုးရေး အခြေစိုက်စခန်းသို့ သွားရောက်ခဲ့သည်။ ယင်းအခြေစိုက် စခန်းသည် စီချွမ်းပြည်နယ်၌ အတိုင်းအတာ အကြီးမားဆုံးသော စပါးမျိုးစေ့ မျိုးသန့်သစ် နည်းပညာသစ် စမ်းစပ်ရေး အခြေစိုက်စခန်း ဖြစ်ပြီး မျိုးကောင်းမျိုးသန့် စပါး အမျိုးပေါင်း တစ်ရာကျော်ခန့် ယင်းအခြေစိုက်စခန်း၌ စမ်းသပ် စိုက်ပျိုး သုနေသတ ပြုနေပါသည်။

အခြေစိုက်စခန်း၌ လေ့လာကြည့်ရှုရာတွင် ရှီကျင့်ဖိန်က လယ်ယာစိုက်ပျိုးရေး ခေတ်မီရေးကို တိုးမြှင့်လိုပါက လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်ပညာရှင်များကို အားကိုး ရမည့်အပြင် လယ်သမားများကိုလည်း အားကိုးရမည် ဖြစ်ကြောင်း၊ ခေတ်မီ လယ်ယာ စိုက်ပျိုးရေး သိပံ္ပနည်းပညာ အသုံးချမှုနှင့် သင်ကြားပို့ချမှုကို တွန်းအားပေးပြီး အစိမ်းရောင် လယ်ယာစိုက်ပျိုးရေး၊ ဂေဟစနစ်ကျသော လယ်ယာစိုက်ပျိုးရေး၊ အကျိုးသက်ရောက်မှု ထင်ရှားထိရောက်သော လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်မှုကို တက်ကြွစွာ ဖေါ်ဆောင်ပေးရမည် ဖြစ်ကြောင်း ပြောကြားပါသည်။

ယခုနှစ် ဇူလိုင်လတွင် ရှီကျင့်ဖိန်သည် အနောက်မြောက်ပိုင်းဒေသရှိ ရှင်းကျန်း ဝေဂါ ကိုယ်ပိုင်အုပ်ချုပ်ရေးဒေသသို့ သွားရောက်ပြီး ဒေသခံ သစ်သီးဝလံ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှု အခြေအနေကို လေ့လာ ကြည့်ရှုခဲ့ပါသည်။ ရှီကျင့်ဖိန်က ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများ ရောနှောပေါင်းစပ် ဖွံ့ဖြိုးမှုကို တွန်းအားပေးပြီး ဒေသခံပြည်သူများ ကြီးပွားချမ်းသာစေနိုင်သော လုပ်ငန်းများကို အားသစ်လောင်းပေးရမည် ဖြစ်ကြောင်း မှာကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။