ဟိုဘေပြည်နယ်ရှိ Bai ren cheng ရှေးဟောင်းအဆောက်အဦး အကြွင်းအကျန်တွင် အမျိုးမျိုးသော အမွေအနှစ် အပိုင်းအစပေါင်း ၃ သောင်း ကျော်ကို တွေ့ရှိ

(GMT+08:00)2022-12-24 15:02:18  

ယခုရက်များတွင် လေးလကျော်ကြာမြင့်ခဲ့သည့် Bai ren cheng ရှေးဟောင်းအဆောက်အဦး အကြွင်းအကျန်တွင် တတိယမြောက် ရှေးဟောင်းသုတေသန တူးဖော်မှု ပြီးဆုံးခဲ့ပါသည်။ ယင်းတူးဖော်မှုဧရိယာအတွင်း တွေ့ရှိခဲ့သော ရှေးဟောင်းပစ္စည်းများသည် အဓိကအားဖြင့် ဟန်မင်းဆက်ခေတ်က ဖြစ်ပြီး အမျိုးမျိုးသော အမွေအနှစ် အပိုင်းအစပေါင်း ၃ သောင်း ကျော် ရှိခဲ့ပါသည်။ ၄င်းတို့သည် Bai ren cheng ၏ သမိုင်းကြောင်းကို လေ့လာသိရှိရန် အထောက်အကူပြုနိုင်ပါသည်။