၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော် ကာကွယ်ရေး အာဏာအပ်နှင်းရေး ဥပဒေကြမ်းကို ဘိုင်ဒန်က လက်မှတ်ရေးထိုးခြင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန် ပြောဆို

(GMT+08:00)2022-12-24 17:01:13  

ပီကင်းစံတော်ချိန် ဒီဇင်ဘာလ ၂၄ ရက်နေ့က အမေရိကန် သမ္မတ ဘိုင်ဒန်သည် ၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော် ကာကွယ်ရေး အာဏာအပ်နှင်းရေး ဥပဒေကြမ်းကို ဥပဒေ အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းဥပဒေကြမ်းတွင် တရုတ်နိုင်ငံနှင့် ပတ်သက်သည့် အဖျက်သဘောပါသော ပုဒ်မ များစွာ ပါဝင်သည်ဟု သတင်းရရှိပါသည်။

ယင်းနှင့် ပတ်သက်ပြီး တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံသည် ယင်းအပေါ် ပြင်းပြင်းထန်ထန် မကျေမနပ် ဖြစ်ပြီး ပြတ်ပြတ်သားသား ကန့်ကွက်ကြောင်း၊ ယင်းဥပဒေကြမ်း သည် အဖြစ်မှန်များကို လျစ်လျူရှုပြီး “တရုတ် ခြိမ်းခြောက်မှု” ဟူခြင်းကို ဝါဒဖြန့်ကာ တရုတ်ပြည်တွင်းရေးတွင် အရမ်းကာရော ဝင်ရောက်စွက်ဖက်၍ တရုတ်ကွန်မြူနစ်ပါတီကို အမည်းသုတ်၍ တရုတ်နိုင်ငံအပေါ် ပြင်းထန်သော နိုင်ငံရေးဆိုင်ရာ ရန်စမှုပင် ဖြစ်ကြောင်း၊ ယင်းဥပဒေကြမ်းသည် တရုတ်ပြည် တစ်ပြည်တည်းသာရှိရေးမူနှင့် တရုတ်-အမေရိကန် ပူးတွဲကြေညာစာတမ်းသုံးရပ်ပါ သတ်မှတ်ချက်များကို ပြင်းထန်စွာ ချိုးဖောက်ပြီး ထိုင်ဝမ် သီးခြားတည်ရှိရေး သွေးခွဲရေး အင်အားစုအား မှားယွင်းသော အချက်ပြကာ ထိုင်ဝမ် ရေလက်ကြား ငြိမ်းချမ်းတည်ငြိမ်ရေးကို ပြင်းထန်စွာ ထိခိုက်ခဲ့ကြောင်း၊ အမေရိကန်သည် ထိုင်ဝမ်အကြောင်းကို အသုံးပြုပြီး တရုတ်နိုင်ငံအား ဟန့်တားသည့်လုပ်ရပ်ကို အမြန်ဆုံး ရပ်တန့်သင့်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။