ဝမ်ယိနှင့် ဘလင်ကန် ဖုန်းဖြင့်ဆက်သွယ်

(GMT+08:00)2022-12-24 15:03:11  

        ဒီဇင်ဘာလ ၂၃ ရက်နေ့က တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဦးဆောင်အဖွဲ့ အဖွဲ့ဝင်၊ နိုင်ငံတော် ကောင်စီဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်တို့သည် တယ်လီ ဖုန်းဖြင့် ဆက် သွယ်ခဲ့သည်။ ထိုသို့ ဆက်သွယ်ခဲ့ရာ ဝမ်ယိက ဆွေးနွေးမှုကိုရှာကြံရင်း ဟန့်တားမှု ပြုလုပ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်မှုအကြောင်း ဆွေးနွေးရင်း ဓားထိုးခြင်းကို အမေရိကန်က မလုပ်သင့်ကြောင်း၊ နှစ်ဖက်တို့သည် နှစ်နိုင်ငံခေါင်းဆောင်များ ညွှန်ပြသော ဦးတည်ချက်အတိုင်း နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်သည့် တရုတ်နှင့်အမေရိကန်အကြား မှန်ကန် သော ဆက်ဆံ မှုလမ်းကြောင်းကို စူးစမ်းရှာဖွေရမည်ဖြစ်ကြောင်း ပြောကြားသည်။