ရှီကျင့်ဖိန်သည် လုပ်ငန်းအကြောင်းများ တင်ပြအစီရင်ခံရန် ပီကင်းသို့ လာရောက်သော ဟိုယပ်စိန်နှင့် တွေ့ဆုံ

(GMT+08:00)2022-12-24 10:03:21  

ယခုလ ၂၃ ရက်နေ့ ညနေပိုင်းက တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရာထူးထမ်းဆောင်စဉ်အတွင်း လုပ်ငန်းအကြောင်းများကို တင်ပြအစီရင်ခံရန် ပီကင်းသို့ လာရောက်သော မကာအို အထူးအုပ်ချုပ်ရေးဒေသ အုပ်ချုပ်ရေးမှူး ဟိုယပ်စိန်နှင့် တွေ့ဆုံပြီး မျက်မှောက် မကာအိုအခြေအနေနှင့် မကာအို အထူးအုပ်ချုပ်ရေးဒေသ အစိုးရ လုပ်ငန်းအခြေအနေဆိုင်ရာ ၄င်း၏ အစီရင်ခံချက်ကို ကြားနာခဲ့ပါသည်။

ထိုသို့တွေ့ဆုံရာတွင် ရှီကျင့်ဖိန်က ဗဟိုအစိုးရသည် “တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး” မူဝါဒကို ဘက်စုံ တိကျမှန်ကန်စွာ ဦးလည်မသုန် ဖေါ်ဆောင်မည် ဖြစ်ကြောင်း၊ မကာအို အထူးအုပ်ချုပ်ရေးဒေသက မကာအို၏အားသာချက်များနှင့် ထူးခြားချက်များကို ဖေါ်ဆောင်ပြီး မကာအို ထူးခြားချက် ဝိသေသပါရှိသော “တိုင်းပြည်တစ်ပြည် စနစ် နှစ်မျိုး” ဖေါ်ဆောင်ရေးဆိုင်ရာ အခန်းကဏ္ဍသစ်ကို ဖန်တီးရန်၊ အင်အား တောင့်တင်းသော ဆိုရှယ်လစ် ခေတ်မီနိုင်ငံကို ဘက်စုံ တည်ဆောက်ဖို့အတွက် ပိုမို ကြီးမားသော အကျိုးပြုစွမ်းဆောင်မှုသစ်များ ပြုလုပ်ရန် အစွမ်းကုန် ထောက်ခံမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရသိရပါသည်။