ပြင်သစ်နိုင်ငံပါရီမြို့၏ သေနတ်ပစ်ခတ်မှုဖြစ်ရပ်တွင် လူ ၃ ဦး သေဆုံး

(GMT+08:00)2022-12-24 15:05:27  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၂၃ ရက်နေ့က ပြင်သစ်နိုင်ငံပါရီမြို့ ရပ်ကွက် (၁၀)ရှိလမ်းပေါ်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ဒေသခံမီဒီယာမှ သတင်းအရ  ပစ်ခတ်မှုတွင် လူ ၃ ဦး သေဆုံးခဲ့ပြီး ပြင်သစ်ပြည်ထဲရေးဝန်ကြီး Dalmanin သည် အခင်းဖြစ်ပွားရာသို့ရောက်ရှိခဲ့ကြောင်း သိရပါသည်။

 သတင်းအရ သံသယရှိသူသည် ၂၀၂၁ ခုနှစ်တွင် ပါရီမြို့ ရပ်ကွက်(၁၂)ရှိ ဒုက္ခသည်စခန်းတစ်ခုကို တိုက်ခိုက်ခဲ့ဖူးသူ ဖြစ်ပြီး လူ ၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း၊သူသည် ယခုအကြိမ် ပစ်ခတ်မှုမလုပ်မီ ရက်ပိုင်းအလိုမှာ  ထောင်မှ လွတ်မြောက်လာခဲ့ကြောင်းသိရပါသည်။