အမေရိကန်စစ်တပ်၏ အွန်လိုင်းလူထုအမြင်ကို လှည့်ဖြားခဲ့ခြင်းလုပ်ရပ်ကို အမေရိကန် မီဒီယာ ထုတ်ပြန်

(GMT+08:00)2022-12-24 15:03:49  

        အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာနသည် Twitter အပါအဝင် လူမှုကွန်ရက် ဝက်ဘ်ဆိုက်များနှင့် အချိန် ကြာ ရှည်စွာ တိတ်တဆိတ် ပူးပေါင်းဆောင်ရွက်ပြီး လူမှုကွန်ရက် အကောင့်အတုများဖြင့် အရှေ့အလယ်ပိုင်း နှင့် အခြား ဒေသများတွင် အွန်လိုင်း သတင်းအချက်အလက် စစ်ပွဲကို ပြုလုပ်ကာ သတင်းအတုဖြန့်ဝေခြင်၊ လူထုအမြင်ကို လှည့်ဖြားခြင်း၊ အခြားနိုင်ငံကို အသရေဖျက်ခြင်း၊ မိမိ၏ ကြီးစိုးမှုကို ထိန်းသိမ်းကာကွယ်ခြင်းတို့ကို လုပ်ဆောင်ခဲ့ကြောင်း အမေရိကန် စုံစမ်းစစ်ဆေးရေးဝက်ဘ်ဆိုက် the Intercept မှ ထုတ်ပြန်ခဲ့သည်။

        The Intercept မှ ရရှိသော စာရွက်စာတမ်းများအရ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနနှင့် Twitter အကြား ပူးပေါင်းဆောင်ရွက်မှုသည် ၅ နှစ်ထက်မနည်း ရှိပြီဖြစ်သည်။ ၂၀၁၇ခုနှစ်က အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ CENTCOMမှ Nathaniel Kahler သည် Twitterသို့ အီးမေးလ် ပေးပို့ခဲ့ရာ အာရပ်စကားသုံးပြီး ပို့စ်တင်သော လူမှုကွန်ရက်အကောင့် များအား ပိတ်ဆို့မှု ဖျက်သိမ်းရန် တောင်းဆိုခဲ့သည်။ ထိုနေ့တွင်ပင် Twitter ဝန်ထမ်းသည် ကုမ္ပဏီအတွင်းပိုင်းစနစ်အတွင်းသို့ ဝင်ရောက်ပြီး အကောင့် ၅၂ ခုခန့်ကို အထူး ကင်းလွှတ်ခွင့် တံဆိပ် ပေးခဲ့ကြောင်း  Twitter မှတ်တမ်းတွင် ဖော်ပြထားသည်။ ထိုသို့ဖြင့် ယင်းအကောင့် များသည် အဖြူရောင်စာရင်းတွင် ပါရှိ၍ Twitter အတွင်း စည်းမျဉ်းများဖြင့် စစ်ဆေးမှုကို ခံရမှာ မဟုတ်ကြောင်း သိရသည်။