
တောငန်းအနက် တစ်ရာနီးပါးဟာ ဆောင်းခိုဖို့ တရုတ်ဟိုပေပြည်နယ် ကျင်ကျင့်ခရိုင် သို့ပျံသန်းရောက်လာခဲ့ကြပါတယ်။ အနက်ရောင် တောငန်းတွေဟာ ကမ္ဘာပေါ်တွင် မျိုးသုဉ်းလုနီးပါး ရှားပါး ငှက်တစ်မျိုးဖြစ်ပြီး တရုတ် အမျိုးသား ပထမအဆင့် ကာကွယ်စောင့်ရှောက်ထားတဲ့ တောရိုင်း တိရစ္ဆာန် လည်းဖြစ်ပါတယ်။ အကောင်ရေ ရှားပါးလို့ "ငှက်များကြား ပန်ဒါ" လို့ခေါ်ကြပါတယ်။









