ရှီကျင့်ဖိန်နှင့် နယူးဇီလန် ဘုရင်ခံချုပ် Kiroတို့ တရုတ်-နယူးဇီလန် သံတမန်ဆက်ဆံရေး ထားရှိသည့် နှစ် ၅၀ ပြည့်မြောက်ခြင်း အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာပေးပို့

(GMT+08:00)2022-12-23 16:00:09  

ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် တရုတ် နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် နယူးဇီလန်ဘုရင်ခံချုပ် Kiro တို့သည် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး ထူထောင်ခြင်း နှစ် ၅၀ ပြည့်မြောက်သည့်  အတွက် ဂုဏ်ပြုကြောင်း သဝဏ်လွှာများကို အပြန်အလှန်ပေးပို့ခဲ့ကြပါသည်။

ရှီကျင့်ဖိန်က တရုတ်နှင့် နယူးဇီလန်တို့သည်  အရေးကြီးသော ပူးပေါင်းဆောင်ရွက်ရေး မိတ်ဖက်များ အပြန်အလှန် ဖြစ်ကြောင်း၊ တရုတ်နှင့်နယူးဇီလန် နှစ်နိုင်ငံတို့ သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း နှစ်နိုင်ငံအကြားရှိ ဆက်ဆံရေးသည် ခိုင်မာတည်ငြိမ်သော ဖွံ့ဖြိုးတိုးတက်မှုကို ထိန်းသိမ်းထားပြီး “ပထမဆုံး” များစွာကို ဖန်တီးနိုင်ခဲ့ပါသည်။ နယ်ပယ်အသီးသီးမှ တရုတ်-နယူးဇီလန် ပူးပေါင်းဆောင်ရွက်မှုသည် နှစ်နိုင်ငံ ပြည်သူများအတွက် အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးခဲ့ပြီး ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနှင့် သာယာဝပြောရေးတို့အတွက် အရေးကြီးသော ပံ့ပိုးမှုများ ပြုလုပ်ခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။

Kiroက နယူးဇီလန်-တရုတ် ဆက်ဆံရေးသည် နယူးဇီလန်၏ အရေးအကြီးဆုံး ဆက်ဆံရေးများတွင် တစ်ခု အပါအဝင် ဖြစ်ကြောင်း၊ နယူးဇီလန်နှင့် တရုတ် နှစ်နိုင်ငံတို့အကြား သံတမန်ဆက်ဆံရေး ထူထောင်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုတွင် အလွန် ကြီးမားသော အောင်မြင်မှုများ ရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။