တရုတ်-သြစတြေးလျဆက်ဆံမှု တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံအကျိုးစီးပွားနှင့် ကိုက်ညီဟု တရုတ်ဆို

(GMT+08:00)2022-12-22 14:35:13  

တရုတ်-သြစတြေးလျဆက်ဆံမှု တည်ငြိမ်ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ၏ အရင်းခံ အကျိုးစီးပွားနှင့် ကိုက်ညီသလို အာရှ-ပစိဖိတ်ဒေသနှင့် ကမ္ဘာလုံးဆိုင်ရာ ငြိမ်းချမ်းတည်ငြိမ်မှုနှင့် စည်ပင်သာယာမှု တိုးမြင့်ရေး အတွက်လည်း အကျိုးရှိကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ မော်နင်က ၂၁ ရက်နေ့က ကျင်းပခဲ့သော ပုံမှန်သတင်းစာ ရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။

မကြာခင်က သြစတြေးလျဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် တရုတ်-သြစတြေးလျ သံတမန် ဆက်သွယ်မှု ထားရှိခဲ့သည့် နှစ် ၅၀ ပြည့်မြောက်ခြင်းနှင့်ပတ်သက်၍ ကြေညာချက်ထုတ်ပြန်ပြီး သြစတြေးလျ-တရုတ် ဆက်ဆံမှုသည် နှစ်နိုင်ငံ အတွက် ကြီးမားသော အကျိုးစီးပွား ဆောင်ကြဉ်းလာသည်ဟု ဖော်ပြခဲ့ပါသည်။ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong သည် တရုတ်နိုင်ငံတွင် လာရောက်လည်ပတ်နေပြီး ယင်းခရီးစဉ်သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု ထားရှိခဲ့သည့် နှစ် ၅၀ပြည့် နှစ်ပတ်လည်နေ့နှင့် တိုက်ဆိုင်ကြောင်း၊ ဘက်အသီးသီးတို့သည် တရုတ်-သြစတြေးလျ အဆင့်မြင့် ကူးလူးဆက်ဆံမှုနှင့် နှစ်နိုင်ငံဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရေးကို လွန်စွာ အာရုံစူးစိုက်နေကြပါသည်။