ဝမ်ယိသည် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wong နှင့် တရုတ်-သြစတြေးလျ နိုင်ငံခြားရေးနှင့် မဟာဗျူဟာ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

(GMT+08:00)2022-12-22 14:33:46  

တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဦးဆောင်အဖွဲ့ဝင်၊နိုင်ငံခြားရေးဝန်ကြီးဝမ်ယိသည်   ဒီဇင်ဘာလ ၂၁ ရက်နေ့က ပီကင်းမြို့တွင် သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး Penny Wongနှင့် ဆဋ္ဌမ အကြိမ် တရုတ်-သြစတြေးလျ နိုင်ငံခြားရေးနှင့် မဟာဗျူဟာ တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ကြောင်း သိရပါသည်။ ဝမ်ယိက တရုတ်နိုင်ငံသည် သြစတြေးလျနိုင်ငံအစိုးရသစ်မှ နှစ်ဖက်ဆက်ဆံရေးကို ကောင်းမွန်စေရန်နှင့်တိုးတက်စေရန် တက်ကြွသော လိုအင်ဆန္ဒကို ချီးကျူးကြောင်း၊ နှစ်ဖက်တို့သည် သမ္မတရှီကျင့်ဖိန်နှင့်ဝန်ကြီးချုပ်Albaneseတို့ ဘာလီကျွန်းတွေ့ဆုံပွဲမှရရှိခဲ့သော အရေးကြီးသဘော တူညီမှုများကို အတူလက်တွေ့ဖော်ဆောင်ပြီး နှစ်ဖက်ဆက်ဆံရေးကို တစ်ဆင့် တိုးကောင်းမွန်စေကာ အဆက်မပြတ်ရှေ့သို့ချီတက်ရန်တွန်းအားပေးသင့်ကြောင်းပြောကြားခဲ့ပါသည်။ Penny Wongက တည်ငြိမ်ပြီးအပြုသဘောဆောင်သောသြစတြေးလျ-တရုတ်ဆက်ဆံရေးသည် နှစ်နိုင်ငံနှင့် ဒေသတွင်း၏အကျိုးစီးပွားနှင့်ကိုက်ညီကြောင်း၊ သြစတြေးလျအစိုးရသစ်သည် တရုတ်ပြည်တစ်ပြည် တည်းသာရှိရေးမူကို စွဲကိုင်ပြီး နှစ်နိုင်ငံအကြား သဘောကွဲလွဲမှုများကို ကောင်းမွန်စွာ စီမံခန့်ခွဲကာ သြစတြေးလျ-တရုတ် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး မူဘောင်အောက်တွင် နယ်ပယ် အသီးသီး၌ ဆက်ဆံမှုနှင့် ကူးလူးဖလှယ်မှုများကို ပြန်လည်ဆောင်ရွက်ပြီး ဖွံ့ဖြိုးတိုးတက်စေမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။