တရုတ်နိုင်ငံသည်ဘက်ပေါင်းစုံနှင့် ကမ္ဘာမြေပေါ်ရှိ သက်ရှိသတ္တဝါများ အသိုက်အဝန်းကို လက်တွဲတည်ထောင်မည်

(GMT+08:00)2022-12-21 16:12:43  

     ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၁၅ကြိမ်မြောက် ဇီဝမျိုးစုံမျိုးကွဲ တည်ရှိရေး အထွေထွေသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံများ ညီလာခံ (COP15) ဒုတိယအဆင့် အဆင့်မြင့် အစည်းအဝေးကို မွန်ထရီရယ်မြို့တွင် အောင်မြင်စွာ ကျင်းပခဲ့သည်။ အစည်းအဝေးတွင် "ကူမင်း-မွန်တယ်ရေရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲ တည်ရှိရေး မူဘောင်”ကို အတည်ပြု ချမှတ်ခဲ့သည်။ တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ယင်းသည် မဟာရည်မှန်းချက် ပါသည့် ညီမျှပြီး လက်တွေ့ကျသည့် “မူဘောင်” တစ်ရပ် ဖြစ်ပြီး ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ စီမံခန့်ခွဲမှုအတွက် ကောင်းမွန်သောအလားအလာကို ဖန်တီးပေးခဲ့သည့်သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ကြောင်း ယခုလ ၂၀ ရက်နေ့က  ပြောကြားခဲ့ပါသည်။