ရှီကျင့်ဖိန် သည် Frank-Walter Steinmeier နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်

(GMT+08:00)2022-12-21 16:11:21  

      ဒီဇင်ဘာလ ၂၀ရက်နေ့ညက တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ဂျာမဏီနိုင်ငံ သမ္မတ Frank-Walter Steinmeier နှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်ခဲ့ပါသည်။

      ထိုသို့တယ်လီဖုန်းဖြင့် ဆက်သွယ်ရာတွင် ရှီကျင့်ဖိန် က ယခုနှစ်သည် တရုတ်- ဂျာမဏီဆက်ဆံမှု ထားရှိသည့် အနှစ် ၅၀ ပြည့်မြောက်သောနှစ် ဖြစ်ပြီး တရုတ်-ဂျာမဏီ ဆက်ဆံမှုအတွက် အရေးကြီးသည့်အဓိပ္ပါယ်ရှိသော နှစ်တစ်နှစ် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် တရုတ်-ဂျာမဏီဆက်ဆံမှု အဆင့်ကဏ္ဍသစ်သို့ အဆက်မပြတ်ရောက်ရှိစေရန်၊ အနာဂတ်တွင် တရုတ်-ဂျာမဏီဆက်ဆံမှု အောင်မြင်သော နှစ် ၅၀ ကို ဖွင့်လှစ်ပေးရန် ဂျာမဏီနိုင်ငံနှင့်အတူ ကြိုးပမ်းဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပါသည်။

      Frank-Walter Steinmeier က ဂျာမဏီနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အတိတ်ကို သေသေချာချာသုံးသပ်ပြီး အနာဂတ်အတွက် စီမံကိန်း ရေးဆွဲ ချမှတ်ရန်၊ တစ်ဦးကို တစ်ဦး လေးစားခြင်း၊ တံခါးဖွင့်ပြီး အားလုံးပါဝင်နိုင်သော စိတ်ဓာတ်ဖြင့် ဂျာမဏီ-တရုတ်ဆက်ဆံမှု အဆက်မပြတ်ဖွံ့ဖြိုးတိုးတက်စေရန် ဆန္ဒရှိကြောင်း၊ ဂျာမဏီနိုင်ငံအနေဖြင့် ဇီဝမျိုးစုံတည်ရှိရေး ပဋိညာဉ်စာချုပ် အဖွဲ့ဝင်နိုင်ငံများ ၁၅ကြိမ်မြောက်အစည်းအဝေး(COP15)အောင်မြင်စွာ ကျင်းပရန် အတွက် တရုတ်နိုင်ငံ၏ အရေးကြီးသော အကျိုးပြုစွမ်းဆောင်မှုကို တန်ဖိုးထားချီးကျူးပြီး ဥရောပ-တရုတ်ဆက်ဆံမှု ဖွံ့ဖြိုးတိုးတက်ရန် တက်တက်ကြွကြွ တွန်းအားပေးလိုကြောင်း ပြောကြားခဲ့ပါသည်။