ဒမတ်စကတ်အနီးတစ်ဝိုက်ဒေသကိုအစ္စရေးကဒုံးကျည်များဖြင့် တိုက်ခိုက်သည်ဟုဆီးရီးယားဆို

(GMT+08:00)2022-12-20 11:13:51  

ဒေသစံတော်ချိန် ၂၀ ရက်နေ့ လင်းအားကြီးအချိန်တွင် အစ္စရေးတပ်ဖွဲ့ကဒုံးကျည်များဖြင့် ဆီးရီးယား နိုင်ငံဒမတ်စကတ်မြို့တော်အနီးအဝိုက်ဒေသအချို့ကိုတိုက်ခိုက်ခဲ့ပြီးစစ်သား ၂ ဦးဒဏ်ရာရရှိကာအဆောက်အအုံအချို့ပျက်စီးသွားကြောင်းဆီးရီးယားစစ်ဘက်က ၂၀ ရက်နေ့ကထုတ်ပြန်ကြေညာခဲ့သည်ဟုဆင်ဟွာသတင်းအရသိရပါသည်။

၂၀၁၁ခုနှစ် ဆီးရီးယားပြည်တွင်းစစ်ပွဲ ဖြစ်ပွားပြီးနောက် အစ္စရေးတပ်ဖွဲ့သည် အီရန်စစ်ရေးပစ်မှတ်များတိုက်ခိုက်ရန်အကြောင်းပြုပြီးဆီးရီးယား ပြည်တွင်းပစ်မှတ်များကို ကြိမ်ဖန်များစွာတိုက်ခိုက်ခဲ့ပါသည်။ ဆီးရီးယားနိုင်ငံတွင် အီရန်ကတပ်စွဲထားခြင်းကိုဆီးရီးယားနှင့် အီရန်နှစ်ဖက်စလုံးက ငြင်းဆိုခဲ့ ကြောင်းသတင်းရရှိပါသည်။