အာဂျင်တီးနားသည် တစ်နိုင်ငံလုံးအားလပ်ရက်၁ရက်ဖြင့် ကမ္ဘာ့ဖလားအနိုင်ရရှိခြင်းအတွက် ဂုဏ်ပြု

(GMT+08:00)2022-12-20 13:07:12  

         ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၉ရက်နေ့က အာဂျင်တီးနားမြို့တော် Buenos Airesတွင် နိုင်ငံတော်ဘောလုံးအသင်းက ကမ္ဘာ့ဖလား ရရှိသည့်အတွက် ပြည်သူများက ဂုဏ်ပြုကြပါသည်။ ကာတာတွင် ကမ္ဘာ့ဖလားရရှိခဲ့သည့်အတွက်ကြောင့် အာဂျင်တီးနားအစိုးရသည် ဒီဇင်ဘာလ ၂၀ရက်နေ့ကို တစ်နိုင်ငံလုံးအားလပ်ရက်အဖြစ် ကြေညာပါသည်။ အာဂျင်တီးနားဘောလုံးအသင်းသည် ဒေသစံတော်ချိန် ယခုလ ၂၀ရက်နေ့ မိုးလင်းချိန်တွင် အာဂျင်တီးနားမြို့တော် Buenos Airesသို့ ရောက်ရှိပြီး ဂုဏ်ပြုပွဲတော်များ ပါဝင်ဆင်နွှဲကြမည်ဖြစ်ပါသည်။