မြောက်ကိုရီးယားသည် ပထမဆုံး စစ်ရေးထောက်လှမ်းဂြိုဟ်တု လွှတ်တင်ရန်အတွက် “နောက်ဆုံးအဆင့်” စမ်းသပ်မှု ပြုလုပ်

(GMT+08:00)2022-12-20 13:07:34  

ယခုလ ၁၈ရက်နေ့က မြောက်ကိုရီးယားနိုင်ငံ အမျိုးသားအာကာသဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီသည် ဂြိုဟ်တုစမ်းသပ်ထုတ်ကုန်တစ်ခုကို Seohae ဂြိုလ်တုလွှတ်တင်ရေးစခန်း၌ လွှတ်တင်ခဲ့ပါသည်။ ယင်းသည် မြောက်ကိုရီးယား နိုင်ငံ၏ စစ်ရေး ထောက်လှမ်းဂြိုဟ်တု ဖော်ထုတ်မှုက နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်ကို ပြဆိုနေကြောင်း မြောက်ကိုရီးယားက ပြောကြားသည်ဟု မြောက်ကိုရီးယား ဗဟို သတင်းဌာနမှ သတင်းကို ကိုးကား၍ ဆင်ဟွာ သတင်းဌာနက ရေးသားဖော်ပြသည်။

မြောက်ကိုရီးယား အမျိုးသား အာကာသ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီက အဆိုပါ စမ်းသပ်မှုသည် ဂြိုဟ်တု၏ ဓာတ်ပုံနှင့် ဒေတာ ထုတ်လွှင့်မှု စနစ်နှင့် မြေပြင် ထိန်းချုပ်မှု စနစ်တို့၏ စွမ်းရည်များကို အကဲဖြတ်သုံးသပ်ရန် ရည်ရွယ်ပြီး စမ်းသပ်မှုမှာ အရေးကြီးသော ရလဒ်များ ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ မြောက်ကိုရီးယားသည် ၄င်းနိုင်ငံ၏ ပထမဆုံး စစ်ရေးထောက်လှမ်းဂြိုဟ်တု လွှတ်တင်ရန် အတွက် ပြင်ဆင်မှုလုပ်ငန်းများကို ၂၀၂၃ခုနှစ် ဧပြီလတွင် ဆောင်ရွက်ပြီးစီးမည်ဖြစ်ကြောင်းသိရပါသည်။