ပဉ္စမအကြိမ်မြောက် အာရပ်အနုပညာပွဲတော်ထံသို့ ရှီကျင့်ဖိန် ဂုဏ်ပြုကြောင်းသဝဏ်လွှာ ပေးပို့

(GMT+08:00)2022-12-20 13:07:58  

  ဒီဇင်ဘာလ ၁၉ရက်နေ့က တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန် သည် ပဉ္စမအကြိမ်မြောက် အာရပ်အနုပညာပွဲတော်ထံသို့ ဂုဏ်ပြုကြောင်းသဝဏ်လွှာကို ပေးပို့ခဲ့ပါသည်။

      တရုတ်နှင့် အာရပ်နိုင်ငံများအကြား ချစ်ကြည်ရေး သမိုင်းသက်တမ်း ကြာမြင့်ပြီး အချိန်ကြာမြင့်လေလေ ခိုင်ခံ့လေလေဖြစ်ကြောင်း၊ ရှေးခေတ်က ပိုးလမ်းမကြီး ဖေါက်ခြင်း မှနေ Belt and Road အတူတကွတည်ဆောက်ခြင်းအထိ တရုတ်နှင့် အာရပ်နိုင်ငံများသည် လက်တွဲကြိုးပမ်းဆောင်ရွက်ပြီး လူမှုယဉ်ကျေးမှု ကူးလူးဖလှယ်ရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေးတွင် အောင်မြင်မှုများစွာ ရရှိခဲ့ကြောင်း၊ တရုတ်-အာရပ်နှစ်ဖက်တို့သည် ယခုအကြိမ်အာရပ်အနုပညာပွဲတော်ကို အခွင့်ကောင်းယူပြီး ပထမအကြိမ်မြောက် တရုတ်-အာရပ်နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် ရရှိခဲ့သည့် အောင်မြင်မှုများကို အကောင်အထည်ဖော်ရန်၊ ပိုးလမ်းမကြီးစိတ်ဓာတ်ကို ပြန့်ပွားစေပြီး အစဉ်အလာ ချစ်ကြည်ရေးကို တိုးမြှင့်ကာ လူမှုယဉ်ကျေးမှုကူးလူးဖလှယ်ရေးကို ရင်းနှီးစေရန်၊ တရုတ်-အာရပ်မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး ပိုမိုနက်ရှိုင်းစေဖို့ ရေရှည်တွန်းအားပေးရန်၊ ခေတ်သစ်သို့ မျက်နှာမူသော တရုတ်-အာရပ်ကံကြမ္မာအသိုက်အဝန်းကို တည်ဆောက်ဖို့ အကျိုးပြုစွမ်းဆောင်ရန် မျှော်လင့်ကြောင်း ဂုဏ်ပြု သဝဏ်လွှာတွင် သမ္မတ ရှီကျင့်ဖိန် က ဖော်ပြထားပါသည်။