"ကူမင်း-မွန်တယ်ရေရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာမူဘောင်”ကိုအောင်မြင်စွာအတည်ပြု

(GMT+08:00)2022-12-20 14:10:43  

၁၅ ကြိမ်မြောက် ဇီဝမျိုးစုံမျိုးကွဲတည်ရှိရေးအထွေထွေသဘောတူစာချုပ် အဖွဲ့ဝင်နိုင်ငံများညီလာခံ (COP15) ဒုတိယအဆင့် အဆင့်မြင့်အစည်းအဝေးတွင် ယခုလ ၁၉ ရက်နေ့ လင်းအားကြီးအချိန်တွင် "ကူမင်း-မွန်တယ်ရေရယ် ကမ္ဘာလုံးဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ မူဘောင်”ကို အောင်မြင်စွာ အတည်ပြု ချမှတ်ခဲ့သည်။ ယင်းသည် ၂၀၃၀ ပြည့်နှစ် နှင့်ပိုမိုရေရှည်သော ကာလအထိ ကမ္ဘာ့ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ စီမံခန့်ခွဲမှုအတွက်  ကောင်းမွန်သော အလားအလာကို ဖန်တီးပေးခဲ့ပါသည်။