ရန်ကုန် ကူးတို့သင်္ဘောပေါက်ကွဲမှုကြောင့် လူ ၁၇ ဦး ဒဏ်ရာရရှိ

(GMT+08:00)2022-12-19 13:41:04  

ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၇ နာရီခန့်တွင် ရန်ကုန်မြို့နယ်နှင့် ဒလမြို့နယ်အကြား ခရီးသွားလာ နေသော ကူးတို့သင်္ဘော တစ်စီးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ လူ ၁၇ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ကျောက်တံတားမြို့ မီးသတ်ဌာနက ၁၈ရက်နေ့တွင် ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်း အရ သိရပါသည်။

ပေါက်ကွဲမှုဖြစ်ပွားချိန်တွင် ယင်းကူးတို့သင်္ဘောသည် ရန်ကုန်မြို့နယ်မှ ဒလမြို့နယ်သို့ ခရီးသွားနေဆဲဖြစ်ကြောင်း၊ သင်္ဘောသည် ၂ ထပ်ရှိကာ ပေါက်ကွဲမှု မှာ အောက်ထပ်တွင် ဖြစ်ပွားခဲ့ပြီး၊ ဒဏ်ရာရရှိသူများအား ဆေးရုံသို့ ပို့ဆောင် ဆေးကုသမှုခံယူနေရကြောင်း၊ ပေါက်ကွဲမှု အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေကြောင်း မီးသတ်ဌာန အရာရှိ ထံမှ သိရပါသည်။