ကမ္ဘာ့စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် နာလန်ထူရန်အတွက် တရုတ်ပြည်သည် တွန်းအားပေးမှုကို ပံ့ပိုးပေးသည်ဟု နိုင်ငံတကာပုဂ္ဂိုလ်များ ပြောကြား

(GMT+08:00)2022-12-19 14:12:05  

ယခုနှစ်တွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသော်လည်း တရုတ်နိုင်ငံ၏ စီးပွားရေးမှာ ခံနိုင်ရည်အားကောင်းသည့် ကြံ့ခိုင်မှုနှင့် အလွန်ကောင်းမွန်သည့် ရှေ့အလားအလာကို ပြသ နေကြောင်း၊ တရုတ်နိုင်ငံသည် ယေဘုယျအခြေအနေကို တိတိကျကျ ဆုပ်ကိုင်ထားပြီး တံခါးဖွင့်ကာ ပူးပေါင်းဆောင်ရွက်၍ အပြန်အလှန်အကျိုး ရရှိစေသော စိတ်သဘောထားဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို စီမံဆောင်ရွက်နေကြောင်း၊ ကမ္ဘာ့စီးပွားရေး ခြေလှမ်းမှန်မှန်ဖြင့် နာလန်ထူရန်အတွက် ယုံကြည်စိတ်နှင့် တွန်အားပေးမှုကို ဆက်လက်ပံ့ပိုးပေးမည် ဖြစ်ကြောင်း နိုင်ငံတကာပုဂ္ဂိုလ်များက ပြောကြားခဲ့ကြပါသည်။

လွန်ခဲ့သည့်၁၀နှစ်အတွင်းတွင် တရုတ်နိုင်ငံ၏ စီးပွားရေးစုစုပေါင်းပမာဏမှာ အဆင့်ကဏ္ဍသစ်သို့ ရောက်ရှိပြီး ကမ္ဘာ့စီးပွားရေးတိုးတက်မှုအတွက် အကျိုးပြု စွမ်းဆောင်မှုသည် တစ်ကမ္ဘာလုံး ပထမ နေရာတွင် တည်ရှိကာ “Belt and Road” အတူတကွတည်ဆောက်မှု နက်ရှိုင်းစွာ လက်တွေ့ကျအကောင်အထည်ဖော်နေ ပါသည်။ မကြာမီက ကျင်းပခဲ့သည့် တရုတ်ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးတွင် အဆင့်မြင့်တံခါးဖွင့်ရေးကို တွန်းအားပေးပြီး “Belt and Road” အတူတကွ တည်ဆောက်မှု အရည်အသွေးမြင့်ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးမည်ဖြစ် ကြောင်း တင်ပြခဲ့ပါသည်။