တရုတ်ဒေသများတွင် Nucleic Acid တိုင်းတာစစ်ဆေးမှု ရလဒ် စိစစ်အတည်ပြုမှု ကောင်းမွန်

(GMT+08:00)2022-12-19 14:12:31  

      တရုတ်နိုင်ငံတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ နည်းလမ်းသစ်၁၀ခုကို ပြဋ္ဌာန်းပြီးနောက် တရုတ်နိုင်ငံ အနယ်နယ်အရပ်ရပ်တွင် အသေးစိတ် ဆောင်ရွက်ချက်များကို ရေးဆွဲချမှတ်ပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးဆိုင်ရာ နည်းလမ်းသစ်များကို ထိရောက်စွာ အကောင်အထည်ဖော်နေ ကြောင်း၊ မကြာခင်ရက်များတွင် ဒေသများစွာတွင် Nucleic Acid တိုင်းတာစစ်ဆေးမှု ရလဒ် စိစစ်အတည်ပြုမှုကို တစ်ဆင့်တိုး ပြင်ဆင်ထိန်းညှိ ကောင်းမွန်စေပြီး လက်ရှိပြည်သူလူထု၏ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် နေကြောင်း တရုတ်သတင်းဌာနက ဒီဇင်ဘာလ ၁၈ရက်နေ့တွင် ရေးသားဖော်ပြခဲ့ ပါသည်။