ဂျာမဏီတွင်စလင်ဒါပုံစံကြီးမားသည့်ငါးကန်ကြီးအက်ကွဲ၊ ငါးကောင်ရေ ၁၅၀၀ ခန့် သေဆုံး

(GMT+08:00)2022-12-19 11:49:17  

မကြာမီကဂျာမဏီနိုင်ငံဘာလင်မြို့ရှိနာမည်ကြီးဟိုတယ် တစ်ခု၌ စလင်ဒါပုံစံကြီးမားသည့် ငါးကန်ကြီးရုတ်တရက် အက်ကွဲသဖြင့် ရေလီတာ ၁ သန်းခန့် စီးထွက်လာကာငါးကောင်ရေ ၁၅၀၀ ခန့် သေဆုံးခဲ့သည်ဟုဒီဇင်ဘာလ ၁၈ ရက်နေ့ကသတင်းအရ သိရပါသည်။

အဆိုပါစလင်ဒါပုံစံကြီးမားသည့်ငါးကန်ကြီးထဲတွင် ဓါတ်လှေကားတပ်ဆင်ထားပြီး ခရီးသွားများကအတွင်းပိုင်းကနေ ရေနေသတ္တဝါများကိုရှုစားနိုင်သည်။ ယခင်ကယင်းနေရာသည် ဘာလင်မြို့၏ ကျော်ကြားပြီးဆွဲဆောင်မှုရှိသည့်နေရာ ဖြစ်သည်ဟုသိရပါသည်။