တူရကီအရှေ့တောင်ပိုင်းဒေသတွင် ဗုံးဖောက်ခွဲမှုဖြစ်ပွား

(GMT+08:00)2022-12-18 12:32:21  

တူရကီအရှေ့တောင်ပိုင်းဒေသ ဒီယာဘာကီယာပြည်နယ်တွင် ၁၆ ရက်နေ့က ဗုံးဖောက်ခွဲမှုတစ်ရပ် ဖြစ်ပွားခဲ့ရာ ရဲဝန်ထမ်းအမြောက်အများ ဒဏ်ရာရရှိခဲ့ကြောင်း တူရကီပြည်ထဲရေးဝန်ကြီး ဆိုရီလူက ထိုနေ့က ဖော်ပြခဲ့သည်ဟု ဆင်ဟွာသတင်းအရ သိရပါသည်။

ယင်းဗုံးဖောက်ခွဲမှုကို အဝေးပြေးလမ်းတွင် ဖြစ်ပွားခဲ့ရာ ရဲဝန်ထမ်း ၈ ဦနှင့်  အရပ်သား ၁ ဦးက ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရရှိသူများကို ဒေသခံဆေးရုံသို့ ပို့ဆောင်လိုက်ကာ ကုသမှုခံနေရကြောင်း သတင်းရရှိပါသည်။