ပိုလန်ရဲဌာနချုပ်တွင် ပေါက်ကွဲမှု ရုတ်တရက်ဖြစ်ပွားခဲ့သည်ဟု နိုင်ငံခြားမီဒီယာများ ရေးသားဖော်ပြ

(GMT+08:00)2022-12-18 12:31:29  

ပိုလန်ပြည်ထဲရေးဝန်ကြီးဌာနက ပိုလန်ရဲချုပ် Jaroslaw Szymczyk သည် ယူဂရိန်း နိုင်ငံသို့ သွားရောက်လည်ပတ်ရာတွင် “လက်ဆောင်”တစ်ခုရရှိခဲ့ကြောင်း၊ ၄င်“လက်ဆောင်”ကို ဝါဆောမြို့အခြေစိုက် ရဲဌာနချုပ်တွင် ပေါက်ကွဲပြီး Jaroslaw Szymczyk သည် ဒဏ်ရာရရှိသဖြင့် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဒီဇင်ဘာလ ၁၅ရက်နေ့က ထုတ်ဖော်ပြောကြားခဲ့သည်၊ ပိုလန်ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူနှင့် အစိုးရရှေ့နေရုံးမှ ပြောရေးဆိုခွင့်ရှိသူသည် ၄င်းကိစ္စနှင့်ပတ်သက်၍ နောက်ထပ်မှတ်ချက် ပေးရန် ငြင်းဆိုခဲ့သည်၊ တစ်ချိန်တည်းတွင် ယူကရိန်းနိုင်ငံလုံခြုံရေးဗျူရို(SBU)သည်လည်း မှတ်ချက်ပေးရန် တောင်းဆိုမှုကို တုံ့ပြန်ခြင်းမရှိပါဟု ရိုက်တာသတင်းဌာနက ရေးသားဖော်ပြခဲ့ပါသည်။

ရိုက်တာသတင်းဌာနမှ ဇင်ဘာလ ၁၆ရက်နေ့က ရရှိခဲ့သည့် ကြေညာချက် တစ်ရပ်တွင် ပိုလန်အစိုးရရှေ့နေရုံးသည် ရဲဌာနချုပ်တွင် ဖြစ်ပွားခဲ့သော “ပြင်းထန်သည့် စွမ်းအင်ထုတ်လွှတ်မှုဖြစ်ရပ်”ကို စုံစမ်းစစ်ဆေးနေကြောင်းဖော်ပြထားပါသည်။ အမေရိကန် နယူးယောက်ပို့စ် စသည့်မီဒီယာများသည်လည်း အဆိုပါအရေးအခင်းကို ရေးသားဖော်ပြခဲ့ ကြပါသည်။