နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် Hot Land အဖြစ် တရုတ် ဆက်လက်တည်ရှိမည်

(GMT+08:00)2022-12-18 12:31:05  

      တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဝမ်ဝင်ပင် က တရုတ်နိုင်ငံရှိ ဂျာမဏီနှင့် သြစတြေးလျလုပ်ငန်းကုမ္ပဏီများများအပေါ် လတ်တလော စစ်တမ်းရလဒ်အရ နိုင်ငံတကာမိသားစုကြီးအနေဖြင့် တရုတ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန် ရှေ့အလား အလာအပေါ် ယုံကြည်စိတ် ပြည့်ဝသည်ဟု ပြဆိုနိုင်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံခြားစီးပွားရေးလုပ်ငန်းရှင်များအား ဈေးကွက်ဥပဒေသနှင့်ကိုက်ညီရေး၊ ဥပဒေ စိုးမိုးရေး၊ နိုင်ငံတကာနှင့်တပြေးညီဖြစ်ရေး ပိုရှိသော စီးပွားရေးပတ်ဝန်းကျင်ကို ဆက်လက် ပံ့ပိုးပေးမည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် နိုင်ငံအသီးသီးမှ လုပ်ငန်းကုမ္ပဏီများ ရင်းနှီးမြှုပ်နှံရန် Hot Land အဖြစ် ဆက်လက်တည်ရှိမည် ဖြစ်ကြောင်း ၁၆ရက်နေ့က ပြောကြားခဲ့ပါသည်။