ဂျပန်သည် လုံခြုံမှု ကာကွယ်ရေး မဟာဗျူဟာသစ်ကို ထုတ်ပြန်ကျင့်သုံး

(GMT+08:00)2022-12-17 12:23:09  

ဂျပန် အစိုးရသည် ယခုလ ၁၆ရက်နေ့က နိုင်ငံတော် လုံခြုံမှု ကာကွယ်ရေး မဟာဗျူဟာသစ် အပါအဝင် လုံခြုံမှု ကာကွယ်ရေး မူဝါဒ ဆိုင်ရာ စာတမ်း ၃ရပ်ကို တရားဝင် အတည်ပြုခဲ့ကြောင်း၊ ယင်းသည် ဂျပန်၏ စစ်ပြီး လုံခြုံမှု ကာကွယ်ရေးနှင့် ကာကွယ်ရေး မဟာဗျူဟာ၏ ကြီးမားသည့် အချိုးအကွေ့ ဖြစ်၍ စစ်ရေး နိုင်ငံကြီး လမ်းစဉ်ကို ဂျပန် ပြန်လည် ကျင့်သုံးမည့် အပေါ် အလွှာပေါင်းစုံမှ စိုးရိမ်မှုကို ဖြစ်စေကြောင်း ဆင်ဟွာ သတင်းအရ သိရသည်။

၎င်းစာတမ်း ၃ရပ်တွင် ဂျပန်သည် ကာကွယ်ရေး အင်အားကို များစွာ အားကောင်းစေမည် ဖြစ်ကြောင်း၊ ၂၀၂၃ခုနှစ်မှ ၂၀၂၇ခုနှစ်အထိ လာမည့် ၅နှစ် အတွင်း ကာကွယ်ရေး စရိတ် စုစုပေါင်း ပမာဏမှာ ကန်ဒေါ်လာ ၃၁၃.၄ဘီလီယံ အထိ တိုးလာမည် ဖြစ်ကြောင်း၊ ၂၀၂၇ခုနှစ်တွင် ကာကွယ်ရေး စရိတ်သည် ဂျပန် ပြည်တွင်း ထုတ်လုပ်မှု စုစုပေါင်း ပမာဏ၏ ၂ရာခိုင်နှုန်း ဖြစ်မည် ဖြစ်ကြောင်း၊ ထို့အပြင်၊ ဂျပန်သည် ပြည်ပသို့ လက်နက် တင်ပို့ရောင်းချမှု တိုးချဲ့ရေး၊ တပ်မတော်နှင့် ပြည်သူလူထု တစ်ပြေးညီ ဖြစ်စေရေး နက်ရှိုင်းစေခြင်း စသည့် ဆောင်ရွက်ချက်များကို ကျင့်သုံးမည် ဖြစ်ကြောင်း သိရသည်။

ထို့နေ့က ရာနှင့်ချီသော တိုကျိုမြို့သူမြို့သားများသည် ဝန်ကြီးချုပ်ရုံး အရှေ့တွင် စုဝေးပွဲ ကျင်းပပြီး ကန့်ကွက်မှုကို ဖော်ပြကြသည်။