ပြင်သစ်နိုင်ငံ လိုင်ယွန်မြို့ဆင်ခြေဖုံးမှာ မီးလောင်မှုဆိုးရွားစွာဖြစ်ပွားသောကြောင့် လူ၁၀ဦးထက်မနည်းသေဆုံး

(GMT+08:00)2022-12-17 12:25:32  

ဒေသစံတော်ချိန် ယခုလ ၁၆ရက်နေ့က ပြင်သစ်အရှေ့တောင်ပိုင်းအရေးကြီးမြို့ လိုင်ယွန်မြို့ဆင်ခြေဖုံးမှာ မီးလောင်မှုဆိုးရွားစွာဖြစ်ပွားသောကြောင့် လူ၁၀ဦးထက်မနည်းသေဆုံးကြောင်း၊ သေဆုံးသူ၁၀ဦးအနက် ၅ဦးသည် ကလေးများ ဖြစ်ကြကြောင်း တရုတ်သတင်း ဌာနမှ သတင်းအရ သိရပါသည်။

ပြင်သစ်ပြည်တွင်းရေးဝန်ကြီးဌာန ဝန်ကြီးတာလ်မာနင်သည် မီးလောင်မှုကြောင့် လူသေကျေအနာတရဖြစ်မှု အပေါ် တုန်လှုပ်မိကြောင်း၊ ၄င်းသည် မီဒီယာများအား မီးလောင်မှုနှင့် ပတ်သက်၍ ထုတ်ဖော်ကြေညာပြီး မီးလောင်မှုဖြစ်ပွားရာနေရာသို့ မြန်နိုင်သလောက်သွားရောက်ကာ ကယ်ဆယ်ရေးသမားများနှင့် ဒေသခံများမှတဆင့် မီးလောင်မှုအခြေအနေကို သိရှိရန် ဆောင်ရွက်မည် ဖြစ်ကြောင်း ဖော်ပြသည်။ လက်ရှိအချိန်အထိ ယခုအကြိမ်မီးလောင်မှုဖြစ်ပွားသော အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေဆဲကြောင်း၊ ယင်းသည် ယခုနှစ်များတွင် ပြင်သစ်၌ ဖြစ်ပွားသော လူသေကျေအနာတရ ဖြစ်စေသည့် အဆိုးရွားဆုံး မီးလောင်မှုများတွင် တစ်ခုအပါအဝင်ဖြစ်ကြောင်း သတင်းအရ သိရပါသည်။