ကမ္ဘောဒီးယားတွင် တရုတ် လုပ်ငန်းကုမ္ပဏီမှ ရင်းနှီးလုပ်ကိုင်သော စုစုပေါင်းစက်တပ်ဆင်မှုပမာဏ အကြီးမားဆုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု အစီအစဉ် တည်ဆောက်ပြီးစီး စတင်လည်ပတ်

(GMT+08:00)2022-12-17 12:23:29  

China Huadian Corporation(CHD)လက်အောက်ခံ နိုင်ငံခြား ရင်းနှီးမြှုပ်နှံရေး ကော်ပိုရေးရှင်း လီမိတက်မှ ရင်းနှီးလုပ်ကိုင်သော ကမ္ဘောဒီးယား သီဟာနု ဆိပ်ကမ်း ကျောက်မီးသွေးသုံး ဓါတ်အားပေး စက်ရုံ၏ နံပါတ် ၂ ယူနစ်သည် ယခုလ ၁၆ရက်နေ့က စမ်းသပ်လည်ပတ်မှုကို ချောမောစွာ ပြုလုပ်ပြီး တရားဝင် စတင်လည်ပတ်ကာ လျှပ်စစ်ဓါတ်အားကို ထုတ်လုပ်ခဲ့သည်။ ယင်းသည် ကမ္ဘောဒီးယားတွင် စုစုပေါင်းစက်တပ်ဆင်မှုပမာဏ အကြီးမားဆုံး လျှပ်စစ်ဓါတ်အား ထုတ်လုပ်မှု အစီအစဉ် ဖြစ်သည်။