ကန် F-35 တိုက်လေယာဉ် ပျက်ကျမှု ထပ်မံဖြစ်ပွား

(GMT+08:00)2022-12-17 12:24:15  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၅ရက်နေ့က F-35B တိုက်လေယာဉ်တစ်စင်းသည် အမေရိကန်နိုင်ငံ Texasပြည်နယ် စစ်စခန်းတစ်ခုတွင် ပျက်ကျခဲ့ရာ လေယာဉ်မှူး ထွက်ပြေးခဲ့ကြောင်း အမေရိကန်မီဒီယာများမှ ထုတ်ပြန်သော သတင်းကိုကိုးကား၍ တရုတ် သတင်းဌာနသည် ဒီဇင်ဘာလ ၁၆ရက်နေ့က ရေးသားဖော်ပြခဲ့ပါသည်။ ဆိုရှယ်မီဒီယာမှ ထုတ်ပြန်သော ဗီဒီယိုတွင် F-35B တိုက်လေယာဉ် မြေပြင်သို့ ဆင်းသက်လာသည့်အခါ ရုတ်တရက် မထိန်းချုပ်နိုင်ကြောင်း ဖော်ပြသည်။