ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးကို ပီကင်းမြို့တွင် ကျင်းပ

(GMT+08:00)2022-12-17 12:23:52  

 တရုတ်ဗဟိုစီးပွားရေးလုပ်ငန်းအစည်းအဝေးကို ဒီဇင်ဘာလ ၁၅ရက်နေ့မှ ၁၆ရက်နေ့အထိ ပီကင်းမြို့တွင် ကျင်းပခဲ့ပါသည်။ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူး၊ နိုင်ငံသမ္မတ၊ ဗဟိုစစ်ရေးကော်မရှင်ဥက္ကဋ္ဌ ရှီကျင့်ဖိန် သည် အစည်းအဝေးသို့ တက်ရောက်ပြီး အရေးကြီး မိန့်ခွန်းပြောကြားခဲ့ပါသည်။ Li Keqiang၊ Li Qiang၊ Zhao Leji၊ Wang Huning၊ Han Zheng၊ Cai Qi၊ Ding Xuexiang၊ Li Xi တို့သည် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြပါသည်။

      ရှီကျင့်ဖိန် သည် ၂၀၂၂ခုနှစ်စီးပွားရေးလုပ်ငန်းကို ပေါင်းရုံးသုံးသပ်ပြီး လက်ရှိ စီးပွားရေးအခြေအနေကို အကဲဖြတ်သုံးသပ်ကာ ၂၀၂၃ခုနှစ်စီးပွားရေးလုပ်ငန်းကို စီမံပါသည်။ Li Keqiang သည် လာမည့်နှစ်တွင် စီးပွားရေးလုပ်ငန်းကို စီမံပါသည်။ Li Qiang သည် ပေါင်းရုံသုံးသပ်မိန့်ခွန်းပြောကြားပါသည်။

လာမည့်နှစ်တွင် စီးပွားရေးလုပ်ငန်း ကိစ္စပေါင်း သောင်းခြောက်ထောင် ဖြစ်သဖြင့် မဟာဗျူဟာမြောက် အခြေအနေ တစ်ခုလုံးကို ရှေးရှုပြီး လူ့အဖွဲ့အစည်း၏ ခန့်မှန်းချက်ကို ကောင်မွန်စေရေး၊ ဖွံ့ဖြိုးတိုးတက်မှု ယုံကြည့်စိတ် မြှင့်တင်ရေးကို အစပြုကာ သက်ဆိုင်ရာ လုပ်ငန်းများကို ကောင်းကောင်းလုပ်ရကြောင်း အစည်းအဝေးတွင် ဖော်ပြထားပါသည်။

ပထမအချက်မှာ ပြည်တွင်းဝယ်လိုအားကို တိုးချဲ့ရန် ဖြစ်ပါသည်။ ဒုတိယအချက်မှာ ခေတ်မီလုပ်ငန်းစနစ်ကို အရှိန်မြှင့် တည်ဆောက်ရန် ဖြစ်ပါသည်။ တတိယအချက်မှာ “အများပိုင် စနစ် စီးပွားရေးကို မယိမ်းမယိုင် ခိုင်မာစေရေးနှင့် ဖွံ့ဖြိုးတိုးတက်စေရေး၊ အများပိုင်စနစ် မဟုတ်သော စီးပွားရေးကို မယိမ်းမယိုင် အားပေးထောက်ခံလမ်းညွှန်ရေး” ဟူသော နှစ်ချက်ကို လက်တွေ့ကျအကောင်အထည်ဖော်ရန် ဖြစ်ပါသည်။ စတုတ္ထအချက်မှာ နိုင်ငံခြား ရင်းနှီးငွေကို ပိုမိုဆွဲဆောင်အသုံးပြုရန် ဖြစ်ပါသည်။ ပဉ္စမအချက်မှာ စီးပွားရေးနှင့် ငွေရေး ကြေးရေးအန္တရာယ်များကို ထိရောက်စွာကာကွယ်ရန်နှင့် ကိုင်တွယ်ဖြေရှင်းရန် ဖြစ်ပါသည်။