ရှီကျင့်ဖိန်သည် COP15 ဒုတိယအဆင့် အဆင့်မြင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်း ပြောကြား

(GMT+08:00)2022-12-16 17:25:35  

ဒီဇင်ဘာလ ၁၅ ရက်နေ့ညတွင် တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်သည် ဗီဒီယိုပုံစံဖြင့် ကနေဒါနိုင်ငံ Montreal မြို့၌ ကျင်းပသော ၁၅ ကြိမ်မြောက် ဇီဝမျိုးစုံမျိုးကွဲ တည်ရှိရေး အထွေထွေ သဘောတူစာချုပ် စာချုပ်ဝင်နိုင်ငံများညီလာခံ (COPD 15) ဒုတိယအဆင့် အဆင့်မြင့်အစည်းအဝေး ဖွင့်ပွဲအခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သည်။

ရှီကျင့်ဖိန်က လူသားများသည် ကံကြမ္မာတူ အသိုက်အဝန်း ဖြစ်ပြီး သွေးစည်းညီညွတ်စွာ ပူးပေါင်းဆောင်ရွက်မှသာ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ထိရောက်စွာ ရင်ဆိုင်ဖြေရှင်းနိုင်မည် ဖြစ်ကြောင်း၊ ဂေဟစနစ် ရှင်သန်ပါက ယဉ်ကျေးမှု ရှင်သန်မည် ဖြစ်ကြောင်း၊ မိမိတို့သည် လူသားနှင့် သဘာဝ သင့်ဖြတ်ဖေါ်ရွေစွာ အတူ ယှဉ်တွဲရေးကို အတူ တွန်းအားပေးရန်၊ မြေကမ္ဘာပေါ်ရှိ သတ္တဝါများ ကံကြမ္မာတူ အသိုက်အဝန်းကို အတူတည်ဆောက်ရန်၊ သန့်စင်ပြီး သာယာလှပသော ကမ္ဘာကြီးကို အတူ တည်ဆောက်ရန် လက်တွဲကြိုးပမ်းရမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

ရှီကျင့်ဖိန်က တရုတ်နိုင်ငံသည် ဂေဟ ယဉ်ကျေးမှု တည်ဆောက်ရေးနှင့် ဇီဝ မျိုးစုံ မျိုးကွဲ ထိန်းသိမ်းကာကွယ်ရေးလုပ်ငန်းကို တက်ကြွစွာ တွန်းအားပေးပြီး ဇီဝ မျိုးစုံမျိုးကွဲ တည်ရှိရေး၊ တည်ငြိမ်ရေးနှင့် ဆက်တိုက် ဖွံ့ဖြိုးရေးသည် အဆက်မပြတ် တိုးတက်လာကာ တရုတ်ထူးခြားချက် ဝိသေသ ပါရှိသော ဇီဝ မျိုးစုံမျိုးကွဲ ထိန်းသိမ်းကာကွယ်ရေး လမ်းကြောင်းအတိုင်း လျှောက်လှမ်းနေကြောင်း ပြောကြားသည်ဟု China Media Groupမှ သတင်းအရ သိရပါသည်။