ဥရောပသမဂ္ဂ ဆောင်းရာသီ ထိပ်သီးအစည်းအဝေး ပြီးဆုံးပြီး ရုရှားအပေါ် နဝမအကြိမ် အရေးယူမှု အစီအစဉ်ကို အတည်ပြ

(GMT+08:00)2022-12-16 17:26:26  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက်နေ့ညက ဥရောပသမဂ္ဂ ဆောင်းရာသီ ထိပ်သီးအစည်းအဝေး ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမြို့တွင် ပြီးဆုံးခဲ့သည်။ ထိုနေ့တွင် ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များသည် နဝမအကြိမ် ရုရှားနိုင်ငံအား အရေးယူမှု အစီအစဉ်ကို အတည်ပြုခဲ့ကြောင်း ဥရောပကောင်စီ ဥက္ကဋ္ဌ Charles Michelက အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ 

ထို့အပြင် ၂၀၂၃ ခုနှစ်တွင် ယူရိုငွေ ၁၈ ဘီလီယံ တန်ဖိုးရှိသော စီးပွားရေးထောက်ပံ့မှုကို ယူကရိန်းအား ပေးအပ်မည်ဖြစ်ကြောင်းလည်း ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှ ခေါင်းဆောင်များက ထိုနေ့က ကျင်းပခဲ့သော အစည်းအဝေးတွင် တရားဝင် အတည်ပြုခဲ့သည်။ တစ်ချိန်တည်းတွင် ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနားနိုင်ငံ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံလောင်းဖြစ်ရန်လည်း အတည်ပြုခဲ့သည်။