ကိုယ်ဝန်ဖျက်ချခြင်းဥပဒေကို ပြုပြင်ပြောင်းလဲရန် စပိန်အောက်လွှတ်တော်က မဲပေး အတည်ပြု

(GMT+08:00)2022-12-16 17:27:52  

ဒေသစံတော်ချိန် ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် စပိန် အောက်လွှတ်တော်သည် ကိုယ်ဝန်ဖျက်ချခြင်းဥပဒေကို ပြုပြင်ပြောင်းလဲရန် မဲပေး အတည်ပြုခဲ့ကြောင်း၊ ပြုပြင်ပြောင်းလဲထားသော ဥပဒေကြမ်းတွင် အသက် ၁၆ နှစ်မှ ၁၇ နှစ်ကြား အမျိုးသမီးများနှင့် ရောဂါဝေဒနာ ခံစားနေသူ အမျိုးသမီးများသည် ကိုယ်ဝန်ဖျက်ခြင်း ပြုမပြုကို ဆုံးဖြတ်နိုင်ပြီး တစ်ချိန်တည်းတွင် အသက်အရွယ်အုပ်စုအားလုံးအတွက် သက်ဆိုင်ရာ မသင်မနေရ ပညာရေးသင်တန်းများကို အာမခံပေးရမည်ဟု သတ်မှတ်ထားကြောင်း China Media Group မှ သတင်းအရသိရပါသည်။